您现在的位置: 国际医疗 > 国际医疗报道 > ရှန်ဟိုင်းမြို့ရှိ လစာကောင်းသော အလုပ်ကို စွန့်လွှတ်ခဲ့သော မြန်မာနိုင်ငံမှ နှလုံးအထူးကု ဆရာဝန်ကြီးတစ်ဦး၊သူ၏ အဖြစ်ချင်ဆုံးဆန္ဒ

တရုတ်-မြန်မာနယ်စပ်အနီးရှိ၊ ရွှေလီမြို့တွင် တည်ရှိသော ရွှေလီကျင်ချန် ဆေးရုံ၏နှလုံးအထူးကုဌာနမှဌာနမှူးမြန်မာနိုင်ငံသားဒေါက်တာဇော်မင်းထွန်း(Dr. Zaw Min Tun) သည် ဇွန်လ (၄) ရက်နေ့တွင် ရွှေလီမြို့၏ ပထမဆုံးသောICD(နှလုံးခုန်စည်းချက်လွဲပြောင်းစက်) ကုသမှုကို အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့ပါသည်။


3aa28cc9f7cfca41ff326383c277af2.jpg

ဂျူတီကုတ် အဖြူရောင်ကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး တည်ငြိမ်ခန့်ညားသော လူတစ်

ယောက်၊ လူနာတွေနဲ့ တွေ့တိုင်း အမြဲတမ်း ပြုံးပြုံးရွှင်ရွှင် ဆက်ဆံတတ်သော လူတစ်ယောက်၊ ထိုသူသည် ဆေးပညာ နှင့် နှလုံးကုသမှု အတတ်ပညာကြွယ်ဝသော နှလုံးအထူးကု ဆရာဝန်ကြီး တစ်ဦးဖြစ်လိမ့်မယ်ဟု ဘယ်သူကမှ ထင်မှတ်ထားကြလိမ့်မည် မဟုတ်ပါ

        နှလုံးအထူးကု ဆရာဝန်ကြီး ဒေါက်တာ ဇော်မင်းထွန်း၏ ဇာတိမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ လားရှိုးမြို့ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် မန္တလေး ဆေးတက္ကသိုလ်မှ M.B.B.Sဘွဲ့ကို ရရှိခဲ့ပါသည်။ ထို့နောက် တရုတ်ပြည်သို့ သွားရောက်၍ ကွမ်ရှီး ဆေးတက္ကသိုလ်(Guangxi Medical University)တွင် ဆေး

ပညာမဟာဘွဲ့ကို ဆက်လက်ဆည်းပူးခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် ကွမ်ရှီး ဆေးတက္ကသိုလ်မှ နှလုံးဆေး ပညာရပ်မဟာဘွဲ့ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ပြီး ဆက်လက်၍ရှန်ဟိုင်းမြို့ရှိ နှလုံးဆေးရုံကြီးတွင် (၆)

 နှစ်တိုင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။


ce6e94e7817bb4c6b7c7285e37a09e3.jpg

         ဒေါက်တာ ဇော်မင်းထွန်း သည် ရှန်ဟိုင်းမြို့ ကျန်းမာရေးဆိုင်ရာ ကြီးကြပ်မှု အဖွဲ့အစည်းမှ ပထမဦးဆုံးဆေးကုသခွင့်လိုင်စင်ကို ရရှိခဲ့သော မြန်မာနိုင်ငံသား ဆရာဝန်တစ်ဦးဖြစ်ပါသည်။ ရှန်ဟိုင်းမြို့

သည် ကမ္ဘာ့အဆင့်မှီ နှလုံးဆိုင်ရာဆေးပညာရပ်များကို လေ့လာဆည်းပူးနိုင်သော မြို့ကြီးတစ်မြို့ ဖြစ်သောကြောင့် ဒေါက်တာ ဇော်မင်းထွန်းသည် လွန်စွာအဖိုးရှိလှသော ဆေးပညာ၊ လုပ်ငန်းအတွေ့အကြုံ များကို လေ့လာသင်ယူခွင့် ရခဲ့ပါသည်။

ဒေါက်တာ ဇော်မင်းထွန်းသည် ရှန်ဟိုင်းမြို့ နှလုံး (Cardiothoracic Hospital) ဆေးရုံကြီးတွင် တာ

ဝန်ထမ်းဆောင် နေစဉ်အတွင်း ဆေးပညာဆိုင်ရာ သင်တန်းများနှင့်သုတေသနလုပ်ငန်းများတွင် ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ပါဝင် လုပ်ဆောင်ခဲ့ရုံတင်မက နှလုံးသွေးကြောဆိုင်ရာ ကုသမှုပေါင်း (၂၅၀၀) ကျော်ကိုလည်း တစ်ဦးတည်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါသည်။၎င်းကုသမှုများတွင် နှလုံသွေးကြောချဲ့ခြင်း/stent ထည့်ခြင်း(Coronary Interventions)၊နှလုံးခုန်စက်ထည့်ခြင်း(Pacemaker implantations) ၊နှလုံးစည်းချက်ဆိုင်ရာရောဂါကုသခြင်း(EPS/Radio Frequency  Ablation)၊မွေးရာပါနှလုံးရောဂါအပေါက်ပိတ်ဆို့ခြင်း(Congenital Heart Defect occlusion)တို့လည်းပါဝင်ပါသည်။ထို့ကြောင့် ဒေါက်တာ ဇော်မင်းထွန်းသည် ရှန်ဟိုင်း နှလုံးဆေးပညာ လောကတွင် နှလုံးသွေးကြောဆိုင်ရာကုသမှုတွင် ကျွမ်းကျင်ထူးချွန် ထက်မြက်သည့် လူငယ်ဆရာဝန် တစ်ဦးအဖြစ် အသိအမှတ် ပြုခြင်းခံရခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဂျာမနီ၊ အင်္ဂလန်၊ ဒိန်းမတ် နိုင်ငံတို့တွင်ရှိသော နှလုံးအထူးကုစင်တာများနှင့် အမေရိကန်ပြည်ထောင်စု Kaiser Permanent နှလုံးစင်တာမှ နှလုံးအထူးကုဆရာဝန်ကြီးများနှင့် ပညာရေးဆွေးနွေး ဖလှယ်ခွင့်ရရှိခဲ့သူတစ်ဦးလည်းဖြစ်ပါသည်။

495c6084d9c219027b50d52323a636b.jpg

 ဒေါက်တာ ဇော်မင်းထွန်းသည် ရှန်ဟိုင်းနှလုံးဆေးရုံတွင် ဆက်လက် တာဝန်ထမ်းဆောင်လျှင် ပိုမိုအောင်မြင် နိုင်သည့် အခွင့်အလမ်းများ ရှိသော် လည်း တရုတ် - မြန်မာနယ်စပ်ရှိ ပြည်သူလူထုကို သူတတ်မြောက်ထားသော ဆေးပညာဖြင့် အကျိုးပြုလိုသော ဆန္ဒကြောင့် အများသူငါ တားမြစ်နေသည့် ကြားထဲမှ ရှန်ဟိုင်းမြို့မှထွက်ခွာပြီး (၂၀၁၈) ခုနှစ်၊ (၈) လပိုင်းတွင် ရွှေလီမြို့ရှိ ကျင်ချန်ဆေးရုံသို့ တာ

ဝန် ထမ်းဆောင်ရန် ရောက်ရှိလာခဲ့ပါသည်။ ထိုအချိန်မှစ၍ ရွှေလီကျင်ချိန်ဆေးရုံရှိ တစ်ခြားနှလုံးအထူးကု ဆရာဝန်ကြီးများနှင့် အတူတူ လုပ်ကိုင်ရင်း သူ၏ အိမ်မက်များကို အကောင် အထည်ဖော်ခဲ့ပါသည်။

          ယခုလက်ရှိတွင် ဒေါက်တာဇော်မင်းထွန်းသည် ရွှေလီကျင်ချိန်ဆေးရုံ၌ နှလုံးဆိုင်ရာ Interventionကုသမှုပေါင်း (၄၀၀) ကျော်ကို အောင်မြင်စွာ လုပ်ဆောင် နိုင်ခဲ့ပါသည်။ ၎င်းကုသမှုများအနက်မြန်မာနိုင်ငံမှ လာရောက်သောလူနာပေါင်း (၉၀) နီးပါးရှိပါသည် ။အခုအချိန်တွင် နယ်စပ်ဒေသမှ နှလုံးရောဂါ ဝေဒနာရှင်များသည် ယခင်ကကဲ့သို့ ယိုးဒယား၊ စင်္ကာပူ နှင့် ထိုင်ဝမ်နိုင်ငံများသို့ သွားရောက် ဆေးကုသစရာ မလိုတော့ပဲ ရွှေလီကျင်ချိန်ဆေးရုံတွင် ဆေးကုသမှု ခံယူနိုင်ပြီ ဖြစ်ပါသည်။

        အကယ်၍ သူသာ ရွှေလီကျင်ချိန်ဆေးရုံကိုလာဖို့ ရွေးချယ်မှုသာ မလုပ်ခဲ့ဘူးဆိုလျှင်၊ အကယ်၍ သူသာ ရှန်ဟိုင်းမှာသာ နေခဲ့မည်ဆိုလျှင်၊ အကယ်၍

        ဒါပေမယ့် ဘဝမှာ အကယ်၍ဆိုတာ မရှိပါ၊ သူ့အတွက်ကတော့ လူနာတွေရဲ့ မျော်လင့်ချက်၊ ဝေဒနာရှင်တို့၏ အသက်ကို ကူညီဖေးမစောင့်ရှောက်ခြင်း သာလျှင် သူ၏ ဆန္ဒဖြစ်ပါသည်။

9b1beca76b290d48b9e94952335ff3e.jpg






 
医院地址:云南-瑞丽市卯喊路95号
咨询电话:24小时服务热线:0692-8888100

瑞丽景成医院公众号
ICP备案号: 滇ICP备19006502号-1 公网备案号:53310202533169